၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ “ဒဏ်ရာများနဲ့ကမ္ဘာ” သီချင်းဗီဒီယိုနှင့်ပတ်သက်ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာပေးပို့သည့်အတွက် ပြည်တွင်းလူငယ်များမိဿဟာယအသင်း(IYF)အနေဖြင့် အတိုင်းမသိဂုဏ်ယူမိပါသည်။

၂။ ပြည်တွင်းလူငယ်များမိဿဟာယအသင်း(IYF)၏ လူငယ်များဖြစ်သည့် တေးရေးဇိုင်းလတ်၊ IYF Men trio တို့ ရေးဖွဲ့သီဆိုသော “ဒဏ်ရာများနဲ့ကမ္ဘာ” သီချင်းဗီဒီယိုသည် ရည်ရွယ်ချက်ကောင်းမွန်ပြီးပေးလိုသောဦးတည်ချက် ကောင်းမွန်ကြောင်း ချီးကျူးမှတ်ချက်ပြုသည့်အတွက်လည်း အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။

၃။ မူးယစ်ဆေးဝါးကျေးကျွန်ဘဝမှ ရုန်းထွက်နိုင်ခဲ့ပြီး နိုင်ငံတော်အကျိုးအတွက် လူမှုရေးလုပ်ငန်းများတွင် အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်နေကြသော ပြည်တွင်းလူငယ်များမိဿဟာယအသင်း(IYF)၏ လူငယ်ဂီတပညာရှင်များကို အသိအမှတ်ပြုပေးသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။ ယခုကဲ့သို့ ချီးကျူးအသိအမှတ်ပြုမှုသည် နိုင်ငံတော်အကျိုး သယ်ပိုးတတ်သော လူငယ်များစွာကို စဥ်ဆက်မပြတ် မွေးထုတ်လေ့ကျင့်ပေးနေသည့် ပြည်တွင်းလူငယ်များမိဿဟာယအသင်း(IYF)အတွက် ခွန်အားတရပ် ဖြစ်စေပါသည်။

၄။ “ဒဏ်ရာများနဲ့ကမ္ဘာ” သီချင်းဗီဒီယိုကို နိုင်ငံပိုင်မီဒီယာများတွင် ဆက်လက်ဖော်ပြပေးသွားမည့်အစီအစဥ်အတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ပြည်တွင်းလူငယ်များမိဿဟာယအသင်း(IYF)မှ ဂီတစွမ်းအား​​ဖြင့် တစ်ထောင့်တစ်နေရာ ပါဝင်ခွင့်ရရှိသည့်အတွက် ဂုဏ်ယူမိပါသည်။

၅။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေသည့် ကျန်းမာရေးဝန်ထမ်းများအားလုံးကို အထူးလေးစားဂုဏ်ပြုလျက် ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားလိုပါသည်။

ပြည်တွင်းလူငယ်များ မိဿဟာယအသင်း (IYF)

ဒဏ်ရာများနှင့်ကမ္ဘာ တေးသီချင်း …….
https://www.facebook.com/841056816019612/posts/2250334328425180/

Pages: 1 2