Mind Lecture နားထောင်ခြင်း၏ရလဒ်


ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ပါမောက္ခချုပ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ပြောကြားချက်များမှ ကောက်နှုတ်ချက်များ

  1. အနာဂတ်လူငယ်များအတွက် စိတ်ကူးယဉ်ဆန်သောဘဝအိပ်မက်မှ လက်တွေ့ကျသောအိပ်မက်သို့ ကူးပြောင်းပေးနိုင်ခဲ့ပါသည်။
  2. မိမိတို့ဘဝအသက်တာတွင် စိတ်နှလုံးသားမှ စတင်ပြောင်းလဲခြင်း အရေးကြီးကြောင်းကို ဂိမ်းများကစားခြင်းဖြင့် ဖလှယ်ခြင်း၊ ဝေမျှခြင်း၊ လေးလေးနက်နက်စဉ်းစားတွေးခေါ်နိုင်ခြင်းများဖြင့် ရှင်းလင်းစွာတင်ပြပို့ချပေးနိုင်ခဲ့ပါသည်။
  3. အမျိုးသမီးများ မိမိတို့ကိုယ်ရည်ကိုယ်သွေးဖြင့် လူသားအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်သလို၊ အဆိုးအကောင်းဝေဖန်ပိုင်းခြား လက်ခံပေးကာ၊ အဆိုးကိုလည်း လက်ခံ၍ အကောင်းမြင်တတ်သောစိတ်ကမ္ဘာအကြောင်းကို သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
  4. ပျော်ရွှင်သောစိတ်နှလုံးသားကို လက်ခံရယူပြီး ဘဝအခက်အခဲပြဿနာများကို ကျော်လွှားနိုင်သောစိတ်ဓာတ်၊ ခိုင်မာသောစိတ်ဓာတ်၊ (Mentor) လမ်းပြခြင်း၊ မိမိတို့စိတ်နှလုံးသားပြောင်းလဲခြင်း၊ မိမိတို့ဘဝကိုပြောင်းလဲခြင်းဖြင့် မိမိတို့ပတ်ဝန်းကျင်ကို တစ်ဆင့်ပြန်လည်ပြောင်းလဲနိုင်ခြင်း၊ မိမိတို့ကမ္ဘာကြီးကို အကောင်းဆုံးပြောင်းလဲပေးနိုင်သော လူသားများဖြစ်ကြောင်း သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
  5. မိမိတို့ဘဝတွင် အခက်အခဲပြဿနာများရင်ဆိုင်ကြုံတွေ့ရသောအခါ တစ်စုံတစ်ယောက်၏ဖေးမကူညီမှုလိုအပ်ပြီး ဆရာ၊ ဆရာမများထံမှ သင်ယူမည်ဆိုပါက ပိုမိုတောက်ပြောင်သော အနာဂတ်ဘဝကို ဦးတည်နိုင်မည်ဖြစ်ကြောင်း သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
  6. တိုးတက်ပြောင်းလဲနေသောခေတ်ကာလတွင် လူသားတိုင်းမိမိတို့၏စိတ်နှလုံးသား အရေးကြီးကြောင်းကို မီးမောင်းထိုးပြပေးနိုင်ခဲ့ပါသည်။
  7. စိတ်နှလုံးသားစီးဆင်းခြင်းဖြင့် လူမှုပေါင်းသင်းရေးကဏ္ဍများ၊ ဘက်စုံဖွံ့ဖြိုးရေးကဏ္ဍများ၊ ကုမ္ပဏီများတွင် Mind Lecture သည် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်းကို သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
  8. လုပ်ငန်းခွင်အတွင်း အထက်အောက်လူမှုရေးပြဿနာများ၊ စိတ်အမြင်ကျဉ်းမြောင်းမှုများ၊ တစ်ဦးနှင်တစ်ဦးဖလှယ်ခြင်း၊ ဝေမျှခြင်း၊ စည်းလုံးမှုများဖြင့် လုပ်ဆောင်နိုင်မည့်နည်းလမ်းများကို Mind Recreation Game များဖြင့် လက်တွေ့ကစားပြီး သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။
  9. အနာဂတ်လူငယ်များသည် တိုးတက်ပြောင်းလဲနေသောခေတ်ကာလတွင် မိမိတို့ဘဝပန်းတိုင်အောင်မြင်မှုကို မှန်ကန်သောစိတ်ဓာတ်၊ ခိုင်မာသောစိတ်ဓာတ်များဖြင့် မိမိတို့၏ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိလာနိုင်စေရန် နည်းလမ်းများကို သင်ကြားပေးနိုင်ခဲ့ပါသည်။
  10. ဂိမ်းစွဲလမ်းခြင်း၊ မူးယစ်ဆေးစွဲလမ်းခြင်းများထဲ ပိတ်မိနေသောလူငယ်များအား Mind Lecture သင်ကြားပေးခြင်းနှင့် ဂီတနှင့်အစားထိုးသင်ကြားမှုများ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။
  11. အနာဂတ်တွင် မိမိတို့က မိမိတို့ပတ်ဝန်းကျင်ကို လှပသောပန်းချီများရေးဆွဲနိုင်သော ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာနိုင်စေရန် သင်ကြားပို့ချပေးခဲ့ပါသည်။
  12. လူသားတိုင်းတွင် ကိုယ်ပိုင်အရည်အသွေးများကို လေ့လာသိရှိပြီး ၎င်းတို့အရည်အချင်းများကို အကျိုးရှိစွာ အသုံးပြုရန်နှင့် အချိန်ကိုအကျိုးရှိစွာ တန်ဖိုးထားလေးစားတတ်နိုင်ရန်။
  13. လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသောကိစ္စများကို အကောင်းအဆိုးသိမြင်ပိုင်းခြားခြင်း၊ ဘဝလူနေမှုအလေ့အထများကို မှန်ကန်စွာသုံးသပ်နိုင်ခြင်း၊ မိတ်ဆွေများကို ခွဲခြားသိမြင်လာစေခြင်း၊ တိုးတက်ပြောင်းလဲမှုများတွင် စေတနာ့ဝန်ထမ်းစိတ်ဖြင့် ဖလှယ်ခြင်း၊ ဝေမျှခြင်းများ ပြုလာတတ်ရန်။
  14. လူငယ်များမိမိတို့အနာဂတ်လှပအောင် ဖန်တီးမှုများပြုလုပ်လာနိုင်စေရန်နှင့် တိုးတက်နေသောခေတ်ရေစီးကြောင်းထဲသို့ မနစ်မြုပ်စေရန်။
  15. မျှော်လင့်ချက်မဲ့ဘဝကို အရှုံးမပေးဘဲ အောင်မြင်မှုနည်းလမ်းများကို ပြန်လည်ရှာဖွေတည်ဆောက်နိုင်မည့် နည်းလမ်းများကို သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။