Myanmar IYF raises people with joyful hearts

People from every corner of the world rate happiness more important than other desirable personal outcomes, such as obtaining wealth, acquiring material goods. The first step to attain true happiness is discovering self-awareness. Self-awareness is the ability to see yourself clearly and objectively through reflection. Further, your level of self-awareness interacts with the likelihood of success in realigning yourselves and your standards to determine how we think about the outcome. People from every corner of the world rate happiness more important than other desirable personal outcomes, such as obtaining wealth, acquiring material goods. The first step to attain true happiness is discovering self-awareness. Self-awareness is the ability to see yourself clearly and objectively through reflection. Further, your level of self-awareness interacts with the likelihood of success in realigning yourselves and your standards to determine how we think about the outcome.


              ပြည်တွင်းလူငယ်မိတ်ဿဟာယက မြောက်မြားလှစွာသောလူငယ်များကို ဝမ်းမြောက်ပျော်ရွှင်သော နှလုံးသားများ ထည့်သွင်းပေးနေပါတယ်။ ဒီနေ့ခေတ်မှာ ကမ္ဘာ့နေရာအနှံ့အပြားရှိ လူငယ်မောင်မယ်တွေဟာ စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝမှုထက် ပျော်ရွှင်ဝမ်းမြောက်ခြင်း စိတ္တသုခကို ရှေ့တန်းတင် မြတ်နိုး တန်ဖိုးထားလာပါတယ်။ ဒီလိုတန်ဖိုးကြီးတဲ့ ဝမ်းမြောက်ပျော်ရွှင်မှုကို ရရှိခံစားနိုင်ဖို့ အခြေခံအကျဆုံး လိုအပ်ချက်က မိမိကိုယ်ကိုယ်သိရှိခြင်း၊ မိမိကိုယ်ကိုယ်ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်သိရှိခြင်းဆိုတာက မိမိရဲ့အခြေအနေမှန်၊ အဖြစ်မှန်ကို ကြည်လင်ပြတ်သားစွာသုံးသပ်နိုင်ခြင်း ဖြစ်ပါတယ်။ လက်ရှိ ပကတိအခြေအနေကို ပြတ်သားစွာ သုံးသပ်နိုင်မှသာ အနာဂတ်အောင်မြင်မှု ပန်းတိုင်ကို လျှောက်လှမ်းနိုင်မယ် မဟုတ်ပါလား။ လူငယ်များစွာဟာ မြန်မာပြည်တွင်းမိတ်ဿဟာယအဖွဲ့အစည်းနဲ့ ဆက်သွယ်ခြင်းအားဖြင့် မိမိကိုယ်ကိုယ်ရှာဖွေတွေ့ရှိပြီး မိမိရဲ့စိတ်ကမ္ဘာအကြောင်းကို နားလည်သဘောပေါက်လာကြပါတယ်။ ဒီလူငယ်တွေဟာ ခိုင်မာသောစိတ်၊ ပျော်ရွှင်သောစိတ်၊ တည်ကြည်ပြီးသမာသမတ်ရှိတဲ့ စိတ်နှလုံးသားများ ပိုင်ဆိုင်လျက်ရှိပါတယ်။ ထိုမျှမက အခြားသော လူငယ်များစွာကိုလမ်းပြပြီး ပျော်ရွှင်မှုများကို လက်ဆင့် ကမ်းလျက်ရှိပါတယ်။ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ နည်းပညာခေတ်ကြီးမှာ မိမိစိတ် တည်ငြိမ်အေးချမ်းစေရန်အတွက် ဒီလိုဝမ်းမြောက်ပျော်ရွှင်စွာ အသက်ရှင်ခြင်းက စစ်မှန်ပြီးရှားပါးတဲ့ ကုထုံးတစ်ရပ် ဖြစ်ပါတယ်။  တိုင်းပြည်ရဲ့ ဦးဆောင်မှုကဏ္ဍ အသီးသီးက လူငယ်တွေကို လက်ကမ်းကြိုလျက်ရှိနေချိန်မှာ မြန်မာပြည်တွင်းလူငယ်များ မိတ်ဿဟာယအဖွဲ့အစည်းမှ လူငယ်များစွာကို တောက်ပသောနှလုံးသား၊ ကြင်နာသောနှလုံးသားများ ထည့်သွင်းပေးနေပါတယ်။

                                                                                                                   ဦးဂမ်မွန်း

                                                                                                                    ဥက္ကဌ

                                                      မြန်မာပြည်တွင်းလူငယ်များ မိတ်ဿဟာယအသင်း

Pages: 1 2